ဆက်သွယ်ရန်

+95 94444 98798 (မြန်မာ)

+95 97878 22007 (အင်္ဂလိပ်)

ကျွန်တော်တို့၏ အောင်မြင်မှု

ကျွန်တော်တို့၏ အောင်မြင်မှု

Telematics  ဆိုတာ တကယ်တော့ Tool box ထဲက Spanner တစ်ချာင်းလိုပါဘဲ ဘာမှ အရမ်းကြီးကွဲပြားနေတာမျိုးမရှိပါဘူး။ စက်ပြင်သမား Spanner တခေျာင်းကို ကောင်းကောင်းအသုံးချနိုင်ဖို့ဆိုတာ သူ့ရဲ့အရည်အချင်း ပေါ်မှာ မူတည်သလို ဒီလိုအရည်အချင်းရဖို့ကလဲ နှစ်ပေါင်းများစွာ ဖြတ်သန်းရပါလိမ့်မည်။

ထိုနည်း၎င်း Myanmar Tracker သည်လဲ နှစ်ပေါင်းများစွား ဖြတ်သန်းခဲ့ပြီးပြီဖြစ်သည်။ ကျွန်တော်တို့မှာ နှစ်ပေါင်း၁၀၀ ကျော် အတွေ့အကြုံများနှင့်အတူ ကမ္ဘာတိုက်ကြီး၄ခုတွင် ကုန်သွယ်ဆိုင်ရာလုပ်ငန်း၊ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်း အပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၁၀ခုကျော် လုပ်ကိုင်နေကြသည်။

ကျွန်တော်တို့ဟာ လုပ်ငန်းစုကြီး၏ ၄ခုမြောက်မျိုးဆက်သစ်များ ဖြစ်ကြပြီး သစ္စာရှိစွာလုပ်ကိုင်ခြင်း၊ လုပ်ငန်းအသုံးစရိတ်အား ထိထိရောက်ရောက်သုံးစွဲခြင်း၊ အောင်မြင်မှုရရှိအောင်ကြိုးစား ရမည်ဆိုသည်မှာ ကျွန်တော်တို့ ကောင်းမွန်စွာ နားလည်ထားပြီးပြီဖြစ်သည်။

ကျွန်တော်တို့ Myanmar Tracker ဟူ၍ မစတင်ကတည်းက နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်လေ့လာခြင်းနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာများကို ပျှမ်းမျှ တစ်နှစ်အချိန်ယူလေ့လာခဲ့ကြသည်။ ၎င်းအချိန်အတွင်မှာပင် ကျွန်တော်တို့ နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူပေါင်းနိုင်ခဲ့ပြီး ကျွန်တော်တို့၏ အတွေ့အကြုံပေါင်းများစွာနှင့် ပူပေါင်းကာ အများနှင့်မတူညီသော၊ လိုအပ်သလိုပြုပြင်မွမ်းမံနိုင်သော၊ သုံးစွဲရလွယ်ကူစေသော ထုတ်ကုန်များကို ဖန်တီးနိုင်ခဲ့သည်။

အများနှင့်မတူညီရခြင်း

နှစ်ပေါင်း ၁၀၀ ကျော် နိုင်ငံတကာ အတွေ့အကြုံများနှင့်အတူ ကမ္ဘာတိုက်ကြီး ၄ခုတွင် မတူညီသော လုပ်ငန်းပေါင်း ၁၀ ခုကျော်ဖြင့် လုပ်ငန်းများလုပ်ကိုင်

လိုအပ်သလိုပြုပြင်မွမ်းမံနိုင်ရခြင်း

ကျွန်တော်တို့သည် နည်းပညာ ၁ခုတည်းပေါ်တွင် မှီခိုမှုရှိမနေဘဲ တခြားသော မတူညီသည့် နည်းပညာဖြင့် ဖြန့်ကျက်ပူပေါင်း သုံးစွဲနိုင်ခြင်း

သုံးစွဲရလွယ်ကူရခြင်း

ကျွန်တော်တို့ရဲ့ နည်းပညာထုတ်ကုန်များမှာ အလွန်သုံးစွဲရလွယ်ကူပြီး Click တချက်နှိပ်ရုံသာ လိုအပ်သည်

Top